လာရောက်လည်ပတ်ခြင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...နောက်တစ်ခါလဲလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်

Tuesday, June 25, 2013

recovery.img ထုတ်မယ်..

Recovery.img ထုတ်ချင်သူတွေအတွက်ပါ..MTK device တော်တော်များများတော့ရနိုင်ပါတယ်..အလုံးတိုင်းတော့ဟုတ်ဘူးနော်...ခိခိ..လိုတာလေးတွေအရင်ဒေါင်းလိုက်တော်မူကြပါခင်ဗျာ


MTK_Rom_Studio_1.1.77.301
http://ge.tt/8GDGDrE/v/64
Flash Tool V3.1224
http://www.mediafire.com/?qwf1452te1s3lxs
ဖုန်းထဲက Unknow source နဲ့ USB Debugging ကို On ထားပေးပါ……..SD cardတကဒ်လောက်လည်းထည့်ထားပေးပါ.............ပြီးရင်ကွန်ပျူတာက WIN key+R ကိုနှိပ်လိုက်ပြီး Run boxမှာcmd လို့ ရိုက်ပြီးတော့ Enter ခေါက်လိုက်ရင် CMD Windows ပေါ်လာပါမယ်။ အဲ့ဒီအထဲမှာဒီလိုလေး ရိုက်လိုက်ပါ
cat /proc/dumchar_info ပြီးရင် ဒီလိုတကြောင်းချင်းရိုက်ပါ
cat /proc/dumchar_info > /sdcard/firmware_info
cat /proc/dumchar_info > /mnt/sdcard2/firmware_info
ပြီးသွားရင်တော့  SD Card ထဲမှာ firmware.info ဆိုတဲ့  file လေးတဖိုင်ရောက်နေပါပြီ…အဲဒီဖိုင်လေးကို copy ကူးပြီးကွန်ပျူတာရဲ့ Desktop ပေါ်မှာfolderတခုဆောက်ပြီးသိမ်းထားလိုက်ပါ….ပြီးရင်download ဆွဲထားတဲ့  MTK_Rom_Studio_1.1.77.301 ဇစ်ဖိုင်လေးကိုစောစောက သိမ်းထားတဲ့  firmware.infoဖိုင်လေးရှိတဲ့ folder ထဲမှာဇစ်ဖြေလိုက်ပြီးတော့  MTK_Rom_Studio.exeလေးကိုRun လိုက်ပါ ...File ဆိုတာကိုနှိပ်ပါ…Load firmware.info ကိုနှိပ်ပါ..ပြီရင်းfirmware.info ရှိတဲ့ ဖိုင်နေရာလေးကိုသွားပြီးfirmware.info ဆိုတဲ့ ဖိုင်လေးကို open လိုက်ပါ
Create Rom ကိုနှစ်ချက်နှိပ်လိုက်ရင် save့ ဖိုင်လေးတက်လာပါမယ်..ပြီးရင်MT6575 နေရာမှာကိုယ့်ရဲ့ MT6577ကိုပြောင်းလိုက်ပြီးတော့ firmware.info ရှိတဲ့ ဖိုင်လေးထဲမှာပဲ save လိုက်ပါ
အဲဒါဆိုရင် firmware.info ဖိုင်လေးထဲမှာ scatter.txt ဖိုင်လေးရောက်လာပါပြီ…အဲဒီဖိုင်လေးထဲမှာပဲ SPFT Udate ဆိုတဲ့  folder အသစ်လေးတခုဆောက်လိုက်ပါ…. ပြီးရင်ဒေါင်းထားတဲ့  SP Flash too.zip လေးကိုဖြေပြီးတော့ Flash _tool.exe ကိုRun ကိုလိုက်ပါ…. SP flashtool မှာ
scatter loading ကို click နှိပ် ပြီးရင်စောစောက save မှတ်ထားတဲ့ mt6577_android_scatter_emmc.txt လေးကို open လိုက်ပါ
ပြီးရင် Read back ကို click >Add ကို click > N/A ကိုကလစ်နှစ်ချက်နှိပ်လိုက်ရင်boxတခုကျလာပါမည်…box မှfile name နေရာမှROM_0 ကို recovery.img လို့ ပြောင်းပြီးတော့ SPFT Udate ဆိုတဲ့ဖိုင်မှာ save လိုက်ပါ… box တု ထပ်ကျလာပါမယ် Start Address နေရာမှာ 0×1588000 Length နေရာမှာ 0×600000 လို့ ပြောင်းလိုက်ပါ ပြောင်းပြီးပြီဆိုရင် အိုကေ ကိုနှိပ် ပြီးရင် မျှားလေးနဲ့  read back ကိုနှိပ် ပြီးရင်တော့ ဖုန်းကိုပါဝါပတ် Battery ဖြုတ် volume downကိုနှိပ်ပြီးလျှင်USB ကြိုးတပ်….Battery ပြန်တပ်လိုက်လျှင် Sp Flash tool မှာအနီတန်းလေး ပြေးမယ်..ပြီးရင်အပြာတန်းလေးပြေးပြီင်္းရင် အစိမ်းရောင်ပုံလေးပေါ်လာရင်တော့  အောင်မြင်စွာပြီးဆုံးပါပြီဗျာ….SPFT Udate ဆိုတဲ့ ဖိုင်လေးထဲမှာ recovery.img ဆိုတဲ့ ဖိုင်လေးရောက်နေပါပြီဗျာ…ဒီပို့ လေးထဲမှာအမှားတွေပါလာခဲ့ရင်နဲ့ တခုခုလိုအပ်ချက်များရှိရင် ..အားလုံးသောကျွန်တော်သူငယ်ချင်းအကိုဆရာများက ၀ိုင်းဝန်းပြီးဖြည့်စွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ………ဒီပို့ က xda ကရတာပါခင်ဗျာ..မူရင်းလင့်ကတော့ကျွန်တော် save မလုပ်ထားလို့ မတင်ပေးမိတာတောင်းပန်ပါတယ်ဗျာ...............

No comments:

Post a Comment

Note: Only a member of this blog may post a comment.