[Spreadtrum] Packet (pac) ထဲက ဖိုင်များ လိုချင်တာ ယူနိုင်ဖို့အတွက်ပါ။ မသိသေးတဲ့သူတွေအတွက်ပါ.လွယ်လွယ်လေးပါ။
သိပြီးသားသူတွေလည်းရှိပါလိမ့်မယ်.
သိပြီးသားသူတွေလည်းရှိပါလိမ့်မယ်.
----------------------------
အရင်ဆုံး မိမိဖိုင်ထုတ်ယူမယ့် pac ဖိုင်ကို ResearchDownload နဲ့ Open ကနေဖွင့်လိုက်ပါ။..
ဖွင့်ပြီးသွားရင် ဒုတိယ ခလုတ် setting ကိုဖွင့်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း DownloadSetting ဆိုတာ ပေါ်လာပါမယ်။
ပုံထဲက Downloadsetting ဆိုတဲ့ထဲမှာ အနီရောင်လေးထောင့်ကွက်လေးထဲကစာတွေက မိမိဖွင့်လိုက်တဲ့ pac ရဲ့ အထဲထဲက ဖိုင်တွေကို ဘယ်နားမှာ ဖြည်ချထားတယ်ဆိုတာ file path လေးတွေပြထားပါတယ်။
ပုံမှန်ကတော့ temp folder ထဲမှာဖြည်ချပါတယ်..
ဖိုင်တွေ ဖြည်ချတဲ့ လမ်းကြောင်းသိပြီဆိုရင်တော့ ကိုယ်တိုင်အဲ့ဒီလမ်းကြောင်းအတိုင်းဖွင့်ပြီးတော့ မိမိလိုတဲ့ဖိုင်တွေကို ယူနိုင်ပါပြီ။
အဲ့ဒီဖိုင်တွေရှိတဲ့ temp folder ထဲကို အမြန်သွားချင်တယ်ဆိုရင်တော့ WIN Key + R ကိုနှိပ်ပါ။ Run box ပေါ်လာပါမယ် အဲ့ဒီအထဲမှာ %temp% လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။
ဒါဆို temp folder ထဲကို တန်းရောက်သွားပြီးတော့ ခုဏက pac ဖိုင်က ဖြည်ချထားတဲ့ ဖိုဒါကို ဖွင့်ကြည့်လို့ရပါပြီ။
အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။...

Mpxteam မှ ကူးယူဖော်ပြထားပါတယ်
No comments:
Post a Comment
Note: Only a member of this blog may post a comment.