
အရင်ဆုံး မိမိကွန်ပြူတာမှ S2 နှင့် ချိတ်ဆက်ရန် Driver ရှိပြီးဖြစ်ရပါမယ်။ ရှိပြီးဆိုပါဆို့..။ ဖုန်းရဲ့ setting ထဲကိုဝင်၍ Developer options မှ USB debugging မှာ အမှန်ချစ်ပေးပါ။ ပြီးတော့ security မှာ Unknuwn sources ကိုလည်း အမှန်ချစ်ပေးပါ။ မိမိဖုန်းမှ အရေးကြီးသော ဖုန်းနံပါတ်စသည်ကိုလည်း Backup လုပ်ပေးထားပါ။ Root access ဖြစ်ပြီးသား ဖြစ်ရပါမယ်။ ClockWorkMod Recovery လည်းသွင်းပြီးသားဖြစ်ရပါမယ်။ ပြီးရင် အောက်က လင့်ကို ဒေါင်းပါ ....
(s2 custom rom 4.2.2ပါ ဒီလင့်ကို ဒေါင်းပါ)
၁။ ။ http://oss.reflected.net/jenkins/28848/cm-10.1-20130523-NIGHTLY-i9100.zip (152.68MB)
၂။ ။ http://www.slimroms.net/jdownloads/slimdownload/JellyBean/Addons/Slim_Gapps.4.2.2.build.7.x.zip (43.11MB)
အားလုံးဒေါင်းပြီးရင် ဖိုင်မဖြေပါနှင့်။ ဖုန်းကို ကွန်ပြူနဲ့ချိတ်ဆက်လိုက်ပြီး စောစောက ဒေါင်းထားသော Android 4.2.2 Jelly Bean Custom ROM ဖိုင်ရယ်Google Apps ဖိုင်နှစ်ခုလုံးကို extSD card ထဲကို ကူးထည့်ပါ။
၁။ ဖုန်းကို ပြန်ဖြုတ်လိုက်ပြီး ပါဝါပိတ်လိုက်ပါ။
၂။ ပြီးရင် Volume Up, Power and Home buttons သုံးခုလုံးကို တပြိုင်နက်နှိပ်ပြီး recovery mode ကိုဝင်ပါ။
၃။ အဲဒီမှာ Volume down key ကို သုံးပြီး wipe data/ factory reset ကို ရွေးပြီး ပါဝါကီးကိုနှိပ်လိုက်ပါ။ ပြီးလျှင်
yes ကိုရွေးပေးပြီး ပါဝါကီးကို နှိပ်လိုက်ပြီး ခဏစောင့်နေပါ။ အဲဒီအဆင့် ပြီးသွားပြီဆိုရင်
၎။ အောက်နားလေးက "wipe cache partition.” ဆိုတာကိုရွေးပြီး စောစောကလိုပဲ yes,No တောင်းရင် yes ကိုရွေးပေးပါ။
၅။ အဲဒါတွေပြီးသွားရင် Volume down key နဲ့ “advanced" ဆိုတာကိုရွေးပြီး ထုံးစံအတိုင်းပါဝါကီးကိုနှိပ်ပါ။ “wipe dalvik cache." ဆိုတာကို ထပ်ရွေးပြီး ထုံးစံအတိုင် ပါဝါကီးပါပဲ။
၆။ အရေးကြီးလာပါပြီ...Go back main recovery ပေါ့။ နောက်ပြန်သွားပြီး “install zip from SD card.”ကို ရွေးပါ။
၇။ After that select “choose zip from SD card” ပေါ့ “choose zip from SD card" ဆိုတာကို ရွေးပြီး ထုံးစံအတိုင်းပါပဲ...ပါဝါကီးကိုနှိပ် စောစောက ကူးထည့်ထားတဲ့ Android 4.2.2 Jelly Bean Custom ROM zip ဖိုင်ကို ရွေးပြီး ပါဝါကီးကိုပဲနှိပ်လိုက်ပြီး yes to install ပေါ့။ install လုပ်နေတာကို ပြီးအောင် စောင့်နေလိုက်ပါ။
၈။ install ပြီးသွားပြီးဆိုရင် တစ်ခါတည်း reboot မလုပ်သေးပဲ install zip from SD card >>“choose zip from SD card" အဆင့်ဆင့်ပြန်သွားပြီးတော့ ကျန်နေသေးတဲ့ Google apps package ဖိုင်ကို ရွေးပြီး Rom ဖိုင်ကို install လုပ်သလို ရွေးပေးပြီး yes to install လုပ်လိုက်ပါဦး။ ဒါနောက်ဆုံးအဆင့်ပါပဲ။
၉။ ဒါတွေပြီးရင် After the installation is complete, go back to the main recovery menu and select “reboot system now” ပေါ့။ recovery menu ကိုပြန်သွားပြီး Reboot system now ကိုနှိပ်ပြီး အချိန်အနည်းငယ် စောင့်နေပေးပါ။ သင်မျှော်လင့်နေတဲ့ Avatar Android 4.2.2 Jelly Bean Custom ROM လေးနဲ့ အရမ်းလန်းနိုင်ပါပြီဗျာ။
လေးစားစွာဖြင့် ........Admin Kyaw Linn......
No comments:
Post a Comment
Note: Only a member of this blog may post a comment.