မင်္ဂလာပါ ခင်ဗျာ Samsung Galaxy Ace2 တွေအတွက် Root အခက်အခဲရှိသူတွေအတွက်ပါခင်ဗျာ
ရိုးရှင်းလွယ်ကူစွာ Root ဖောက်ပြီးတော့ မြန်မာစာဖောင့်ထည့်ချင်သူများ ထည့်သွင်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ
ပြုလုပ်ရမည့် အချက်တွေကတော့ -
(1) မိမိ Memory Sd Card ထဲကို GT I-8160,L,P အစရှိတဲ့ ဖုန်းများအတွက် Easy root ဆိုတာလေးကို ဒေါင်းလော့ဆွဲပြီးတော့ မိမိ Memory SD Card ထဲကို ကူးထည့်ပါခင်ဗျာ
(2) ထည့်ပြီးသွားပြီးဆိုရင်တော့ မိမိ ဖုန်းလေးကို Recovery Mode (Volum Up + Power ) ကိုဖိပြီးတော့ ၀င်ပါခင်ဗျာ (or) အဲ့လို ၀င်မရသူများတွေကတော့ Adb Commond ကို အသုံးပြုပြီးတော့ adb reboot recovery ဆိုပြီးရိုက်ထည့်ပါခင်ဗျာ
(3) Recovery 3E (or) offical Recovery ကို ရောက်သွားပြီးဆိုရင်တော့ မိမိ ဖုန်း Recovery ကနေ ခုနာ့က ဒေါင်းပြီးလို့ Sd Card ထဲ ထည့်ထားရင် အဲ့ ဖိုင်Location ကို ရွေးပြီးတော့ ကလစ်လိုက်ပါခင်ဗျာ
ပြီးသွားရင်တော့ မိမိ ဖုန်းလေးကို reboot ချပါခင်ဗျာ
ပါဝါပြန်ဖွင့်ပြီးတော့ စက်တက်လာတဲ့အခါ ကျ ရင် မိမိ ဖုန်းလေးဟာ Root Permision လေးရသွားတာကို တွေ့ရပါမယ်ခင်ဗျ
Root လုပ်ပြီးတော့ မြန်မာစာသွင်းချင်သူများ အဆင်ပြေသွားမှာပါခင်ဗျာ
ဒီဖိုင်ကို သုံးရတဲ့ အားသာချက်လေးကတော့
(No need to use Odin.
No kernel changing required.
Does not increase flash counter.)
Odin မသုံးပဲ Kernel မချိန်းပဲ Counter မတတ်ပဲ အေးအေးဆေးဆေးလုပ်လို့ရပါတယ်ခင်ဗျာ
Frimware များအလိုရှိတယ်ဆိုရင်တော့ Samsung Frimware များစုစည်းထားတဲ့ လင့်ကို အောက်မှာသွားပြီးကြည့်ပေးပါခင်ဗျာ
>>>>> Download Here <<<<<
အစရှိတာလေးတွေကို မိမိ ဖုန်းနဲ့ကိုက်မယ့် ဗားရှင်းကို ရွေးဒေါင်းပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ
မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
No comments:
Post a Comment
Note: Only a member of this blog may post a comment.